|
| Select Month :
Go
|
|
|
|
|
No. 2, Volume 4, December 2009 |
| Magazine Contents of this month
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ |
|
|
|
|
ဒီစာစုကို ခေါင်းစည်းတပ်ထားတဲ့ စကားက အမေမဆုံးခင် ခုနစ်ရက်အလိုမှာ အမေ့ဆီက ရလိုက်တဲ့အမွေပဲ။ အဲဒီတုန်းက ဦးပဉ္ဇင်း အသက်က ၂၁ နှစ်ဆိုတော့ တရားအကြောင်း တွေ၊ စိတ်အကြောင်းတွေ တိတိကျကျ၊ ကျယ် ကျယ်ပြန့်ပြန့်တွေ မသိသေးဘူး။ အမေ့ရဲ့ ယောကျာ်း (ဦးပဉ္ဇင်းရဲ့အဖေ)နဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာလို့ မိန်းမ တစ်ယောက်ရဲ့ခံစားမှုတွေ ရှိနေမှာပဲဆိုတာကိုတော့ သိတယ်။ အဲဒီတုန်းက အမေ့စိတ် သက်သာအောင် ဘယ်လိုလုပ်ပေးရမှန်း မသိဘူး။ အဖေနဲ့ပတ်သက်တဲ့ စိတ်ဒုက္ခတွေနဲ့တော့ အမေ့ကို မသေစေချင်ဘူး။ ပြီးတော့ အမေ့ခံစားမှုတွေ သက်သာအောင် တစ်ခုခုလုပ်ပေးပြီး ကျေးဇူးဆပ်ချင်နေတာပဲ သိတယ်။
|
|
 |
|
|
နောက်ဆုံးတော့ စမ်းချောင်း၊ ဗားဂရာလမ်းက ကိုးထပ်ကြီးဘုရားထဲမှာ ရောက်နေတဲ့ ဆရာဦးစိန်မြမောင်ကို သွားခေါ်ပြီး အမေ့ကို တရားအကြောင်းတွေ ပြောပေးဖို့ အကူအညီ တောင်းလိုက်ရတယ်။
ဦးစိန်မြမောင် ပြောတာတွေကို သုံးရက်လောက် နားထောင်ပြီးတဲ့အချိန်မှာ စိတ်လေ့ ကျင့်ခန်းတွေ လုပ်ကြည့်မယ်လို့ အမေက ပြောတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ နှစ်ပေါင်းများစွာ နေရာယူထားတဲ့ အဖေနဲ့ပတ်သက်တဲ့ ခံစားမှုတွေ အားလုံးကိုတော့ စွန့်လွှတ်လိုက်မှ ဖြစ်မယ်လို့လည်း နှမြောသလိုလို ပုံစံမျိုးနဲ့ ပြောရှာတယ်။ ဆရာဦးစိန်မြမောင် ပြန်သွားပြီးတဲ့ နောက် အမေက ဘယ်သူနဲ့မှ စကားမပြော တော့ဘူး။ အမေ့စိတ်ထဲမှာ ရှိနေတဲ့ ခံစားမှုတွေ အားလုံးကို အမေပြောသလို စွန့်လွှတ်နေတယ်လို့ ယူဆလိုက်တယ်။ နောက် သုံးရက်အကြာမှာ အမေ ဆုံးပါတယ်။
|
|
အမေ့ကို ကျေးဇူးဆပ်တဲ့နေရာမှာ အမေ့ရဲ့ စိတ်ခံစားမှုတွေ သက်သာအောင် ဦးပဉ္ဇင်း ကိုယ်တိုင် ပြောချင်ပေမဲ့ မပြောနိုင်ခဲ့ဘူး။ ဦးပဉ္ဇင်း မပြောတတ်ခဲ့လို့ မပြောဖြစ်ခဲ့ပေမဲ့ ဦးစိန်မြမောင် ကတစ်ဆင့် တရားအသိဉာဏ်ကို ပြောခွင့်ရ လိုက်တယ်။ သံသရာက လွတ်မြောက်ကြောင်း တရားတွေကို ကိုယ်တိုင်ကိုယ်ကျ ပြောဆို ကျေးဇူးဆပ်ခွင့် မရလိုက်တဲ့ ဆုံးရှုံးမှုကလွဲရင်၊ အမြင့်မြတ်ဆုံးတရားအသိကို အမေမသေခင် သိခွင့်ပေးလိုက်နိုင်တဲ့ အကျိုးကတော့ သားတစ်ယောက်အနေနဲ့ အခုချိန်ထိ ဦးပဉ္ဇင်း ရရှိနေပါတယ်။
အမေ့ဆီက ရလိုက်တဲ့အမွေကတော့ စိတ်ဆိုတာ ခံစားမှုနှစ်ခုလုံးကို တစ်ပြိုင်တည်း ခံစားလို့ မရဘူးဆိုတဲ့ အသိပါပဲ။ ခံစားမှုဆိုတာ တစ်ကြိမ်မှာ တစ်မျိုးပဲ ခံစားလို့ရတယ်တဲ့။ တရားလေ့ကျင့်ခန်းနဲ့ ပတ်သက်တာတွေက စိတ်နဲ့ ဆောင်ရွက်ရတာဆိုတော့ တရားကျင့် ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ တခြားသော ခံစားမှုတွေ သူ့ရဲ့စိတ်ထဲမှာ မရှိသင့်ဘူးတဲ့။ နှစ်ပေါင်းများစွာ သူ့ယောကျာ်းနဲ့ ပတ်သက်ပြီး သူလိုချင်တဲ့ တုံ့ပြန်မှုတွေကို မရခဲ့ပေမဲ့ ဘဝ တစ်လျှောက်လုံး ကျေကျေနပ်နပ်နဲ့ တစ်ဖက်သတ် ခံစားမှုတွေကို ထိန်းသိမ်းထားရတာ ဒုက္ခ ကြီးလွန်းတယ်တဲ့။ အဲဒီလို ယူထားမိတဲ့ စိတ်ရဲ့ နှိပ်စက်မှုတွေကြောင့် ခံစားရတဲ့ ဒုက္ခတွေဟာ တရားအသိနဲ့ ယှဉ်ကြည့်ရင် တန်ဖိုးချင်း ကွာလွန်းနေတာကို သိလိုက်ရတဲ့အတွက် နှမြောပေမဲ့ စွန့်လွှတ်လိုက်တော့မယ်လို့ ပြော တယ်။ အဲဒီစွန့်လွှတ်ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်က အမေ့ဆီက ရလိုက်တဲ့ အမွေပါပဲ။
|
|
အမေ့ယောကျာ်းနဲ့ ပတ်သက်ပြီး စွဲလမ်းနေတဲ့စိတ်ကြောင့် အမေ့ရဲ့စိတ်ထဲမှာ ဒုက္ခဖြစ်နေ တာကို ဦးစိန်မြမောင်ရဲ့အကူအညီနဲ့ အမေ
မသေခင် တရားအသိဉာဏ်တစ်ခု ကျေးဇူးဆပ် ခွင့်ရလိုက်သလို၊ အမေ့ဆီက ပြန်ရတဲ့ အမွေကတော့ ခံစားနေတဲ့စိတ်ကို သတိရှိတဲ့
ပညာသိနဲ့ စွန့်လွှတ်လိုက်ဆိုတဲ့ စကားပဲ။ အဲဒီစကားဟာ ဦးပဉ္ဇင်း သက်တမ်းတစ်လျှောက် လောကီကိစ္စ၊ လောကုတ္တရာကိစ္စနှစ်ခုလုံးမှာ
အကျိုးများစေခဲ့ပါ တယ်။ လောကီကိစ္စတွေ ဆောင်ရွက်နေတုန်းကလည်း ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့အသိကြောင့် လုပ်ချင်လို့
လုပ်ခဲ့သမျှ အလုပ်တွေ အားလုံးကိုလည်းစွဲလမ်းသာယာစိတ်
|
|
 |
|
|
မဖြစ်ခဲ့တဲ့အတွက် စိတ်ဒုက္ခဖြစ်မှုတွေက လွတ်မြောက်စေခဲ့ပါတယ်။
ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့စကားဟာ ဦးပဉ္ဇင်း လက်ခံပြီး ကျင့်ကြံအားထုတ်နေတဲ့ ပစ္စုပ္ပန်မှာ စိတ်ကို တည့်တည့်ထားရမယ
့် စိတ်လေ့ကျင့်ခန်းကိုလည်း အထောက်အကူတွေ ဖြစ်စေခဲ့ပါတယ်။
|
|
ရဟန်းဘဝ မရောက်ခင်တည်းက အသက်မွေးဝမ်းကျောင်းလုပ်ခဲ့ရတဲ့ အလုပ်တွေအားလုံးဟာလည်း အမေပြောသလို စိတ်ထဲမှာ ခံစားမှု တစ်ခုကိုပဲ ထည့်ပြီး လှုပ်ရှားနိုင်ခဲ့လို့ ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ အမေ့အမွေ စကားကို ထောက်ခံပါတယ်။ အခုလို ရဟန်း အဖြစ်နဲ့ ဘဝကိုမြှုပ်ပြီး ဒုက္ခက လွတ်မြောက်ကြောင်း ကျင့်စဉ်တွေကို လေ့လာရှာဖွေ၊ ကျင့်ကြံ၊ အားထုတ်နေတဲ့အခါကျတော့လည်း တရားကျင့်နည်းပေါင်းစုံရဲ့ တူညီတဲ့အနှစ်က ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ သဘောမျိုးကျင့်စဉ်ပဲ အမေ ဒကာမကြီးရေ။ အခုလို အသိမှန်၊ အကျင့်မှန်နဲ့ စိတ်လေ့ကျင့် ခန်းတွေကို အဓိပ္ပာယ်ရှိရှိ၊ ထဲထဲဝင်ဝင်၊ လေးလေးနက်နက်၊ ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်စေခဲ့တာ အမေပေးခဲ့တဲ့ အမွေ စကားလေးကြောင့်ပါပဲ။ ကျေးဇူးတင်ပါတယ် အမေ ဒကာမကြီးရေ။
|
|
အာရုံနဲ့ ဒွါရ တိုက်ခတ်မိတဲ့အချိန်တိုင်းမှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဝေဒနာကို ဖြတ်ပစ် နိုင်ရမယ်ဆိုတဲ့ကျင့်စဉ်ဟာ အမေ့ရဲ့ ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ စကားအဓိပ္ပာယ်နဲ့ တူနေတယ်။ ဖြစ်ခိုက်အချိန်မှာ မဖြတ်နိုင်ရင် ခံစားမှုတွေ ဆက်သွားတတ်တယ်။ ခံစားမှုဟာ ဝေဒနာပဲ။ ခံစားမှုတွေ မဖြတ်လို့ ဆက်သွားရင် လိုချင်တပ်မက်တဲ့ တဏှာစိတ်ကို ကူးပြီး ဖြစ်မှုတွေ ဆက်သွားမယ်တဲ့။ ခံစားနေတဲ့စိတ်ကို သတိရှိတဲ့ ပညာသိနဲ့ စွန့်လွှတ်လိုက်ဆိုတဲ့ အမေ့စကားနဲ့ ပဋိစ္စသမုပ္ပာဒ် ဒုက္ခစက်ဝိုင်းထဲက ဝေဒနာနဲ့ တဏှာကြားက ထွက်ပေါက်ဟာ ဆက်စပ်တွေးကြည့်ရင် အဖြေချင်းတူနေတယ်။
|
|
လိုချင်တပ်မက်စိတ်၊ စွဲလမ်းစိတ်၊ သာယာစိတ် စတဲ့ စိတ်ခံစားမှုတွေ မရှိအောင် ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်နိုင်ရင် ငြိမ်းအေးမှာပဲ။ စိတ်ဆင်းရဲနေတယ်ဆိုရင် ဆင်းရဲခြင်းဖြစ်ကြောင်းကို မဖြတ်ဘဲ ခံစားနေလို့ စိတ်ဆင်းရဲနေတာပဲ။ စိတ်ဒုက္ခရောက်နေတယ်ဆိုရင်လည်း ဒုက္ခကို ဒုက္ခမှန်းမသိဘဲ ဒုက္ခဖြစ်ကြောင်းတွေ ဖန်တီးနေလို့ ဒုက္ခရောက်နေတာပဲ။ အဓိက တရားခံ ကတော့ ခံစားနေလို့ပါပဲ။ ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်လိုက်တဲ့။ ကျေးဇူးတင်ပါတယ် အမေ ဒကာမကြီးရေ။ အမေပြောလိုက်တဲ့ စကားက လူသားအားလုံး အလွယ်တကူ နားလည် သဘောပေါက်နိုင်တဲ့ စကားပြေတစ်ခု ဖြစ်နေပါတယ်။ အမေ့စကားကို ယုံကြည်စွာ လက်ခံပြီး ကျင့်လိုက်နိုင်တာနဲ့ အကျိုးထူးကို ချက်ချင်းရတယ်ဆိုတာ လူဝတ်ကြောင်ဘဝကနေ ရဟန်း ဘဝပြောင်းသွားတာဟာ အထင်ရှားဆုံး သက်သေပါပဲ။
|
|
ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ အမေ့ရဲ့စကားကြောင့် မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ ထိတွေ့ခိုက်၊ တွေးတောခိုက်၊ စိတ်ထဲပေါ်လာသမျှ စိတ်ခံစားမှု ဖြစ်ကြောတွေ အရှည်မခံဘဲ ဖြတ်နိုင်ရင် ဖြတ်နိုင်သလောက် စိတ်ကို သက်သာစေခဲ့တာ အကြိမ်ပေါင်းများစွာ ပါပဲ အမေ ဒကာမကြီးရေ။
ပြီးတော့ အမေ့ရဲ့ ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ စကားဟာ ဘယ်လောက် အထိ အကျိုးရှိသလဲဆိုရင် ရဟန်းဘဝမှာ ဖတ်လိုက်သမျှတရားစာအုပ်တွေရဲ့အနှစ်သာရတွေကို မဟာစည်ဆရာတော်ဘုရားကြီး ရေးသား တော်မူတဲ့ ပုရာဘေဒသုတ် တရားတော်ထဲမှာ ကုဋေပေါင်းများစွာ မရေတွက်နိုင်အောင် များပြား လွန်းတဲ့ နတ်ဗြဟ္မာတို့ကို ဉာဏ်မျက်စိနဲ့ ကြည့် တော်မူတယ်တဲ့။ ကျွတ်ထိုက်သူနဲ့ မကျွတ်ထိုက် သူတို့ကိုလည်း နှစ်ပုံခွဲပြီး ကျွတ်ထိုက်တဲ့ နတ် ဗြဟ္မာအစုအပုံ ခြောက်ပုံထဲက ဗုဒ္ဓိစရိတ - ပညာများတဲ့သူတစ်စုအတွက် ပုရာဘေဒသုတ် ကို ဟောကြားဖို့ ပိုင်းခြား သတ်မှတ်တော်မူ တယ်တဲ့။ သတ်မှတ်တော်မူပြီးတဲ့အခါမှာ
|
(၁) အတ္တဇ္ဈာသယ - မိမိအလိုတော်ဖြင့် ဟောသော ဒေသနာ။
(၂) ပရဇ္ဈာသယ - တရားနာပုဂ္ဂိုလ် ဟူသော သူတစ်ပါး အလိုဖြင့် ဟောသော ဒေသနာ။
(၃) အတ္ထုပ္ပတ္တိက - ဖြစ်ပေါ်လာသော အကြောင်းအားလျော်စွာ ဟောသော ဒေသနာ။
(၄) ပုစ္ဆာဝသိက - အမေးပုစ္ဆာအားလျော်စွာ ဟောသော ဒေသနာ ဆိုပြီး ဒေသနာလေးမျိုးထဲမှာ ပုစ္ဆာဝသိက ဒေသနာဖြင့်သာ ဟောကြားမှ နတ်ဗြဟ္မာတို့ သစ္စာလေးပါးကို သိမြင်ပြီး ကျွတ်တမ်းဝင်နိုင် ကြမှာကို မြတ်စွာဘုရား မြင်တော်မူတယ်တဲ့။
|
|
အဲဒီလို မြင်တော်မူတဲ့အခါမှာ နတ်ဗြဟ္မာတို့ရဲ့ အလိုဣစ္ဆာသယနဲ့အညီ မေးမြန်းနိုင်မယ့် ပုဂ္ဂိုလ် ကို ကြည့်ရှုဆင်ခြင်တော်မူတယ်တဲ့။ ဒါပေမဲ့ မေးမြန်းနိုင်တဲ့၊ အရည်အချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ မမြင်တော်မူတဲ့ အတွက် မြတ်စွာဘုရားနဲ့ပုံတူဖြစ်တဲ့ နိမ္မိတ ဘုရားတစ်ဆူကို ဈာန်အဘိညာဉ်တန်ခိုးတော် အစွမ်းနဲ့ ဖန်ဆင်းတော်မူရတယ်တဲ့။
အဲဒီအခါကျမှ မြတ်စွာဘုရား ဖန်ဆင်းတော်မူလို့ ပုံတူဖြစ်တဲ့ နိမ္မိတဘုရားတစ်ဆူက မြတ်စွာဘုရားကို မေးတော်မူတယ်တဲ့။
|
ကထံဒဿီ ကထံသီလော၊ ဥပသန္တောတိ ဝုစ္စတိ။
တံ မေ ဂေါတမ ပဗြူဟိ၊ ပုစ္ဆိတော ဥတ္တမံ နရံ-တဲ့။
ဂေါတမ - ဂေါတမနွယ်ဖွား ဖြစ်တော်မူသော မြတ်စွာဘုရား၊ ကထံဒဿီ - အဘယ် ကဲ့သို့ မြင်လေ့ရှိသော ပုဂ္ဂိုလ်ကို၊ ကထံသီလော- အဘယ်သို့သော အလေ့အကျင့်ရှိသော ပုဂ္ဂိုလ်ကို၊ ဥပသန္တောတိ - ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ ဝုစ္စတိ - ခေါ်ဆိုရပါသနည်း။ ဂေါတမ-ဂေါတမနွယ်ဖွား ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဥတ္တမံ နရံ - မြတ်သောပုဂ္ဂိုလ်ကို၊ ပုစ္ဆိတော- မေးမြန်းအပ်သော အရှင်ဘုရားသည်၊ တံ-ထိုအမေးကို၊ မေ - ငါအား၊ ပဗြူဟိ -ဟော ကြား ဖြေရှင်းတော်မူပါလော့။
အမေးဂါထာရဲ့ ဆိုလိုရင်းကတော့ ဘယ်လို သီလအကျင့်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်၊ ဘယ်လိုအသိ အမြင်ရှိတဲ့ ပုဂ္ဂိုလ်ကို ငြိမ်းအေးတဲ့ ပုဂ္ဂိုလ်လို့ ဆိုပါသလဲတဲ့။ (ငြိမ်းအေးတယ်ဆိုတာ ဆင်းရဲမှုအားလုံး၊ ပင်ပန်းမှုအားလုံး ဘာမှမရှိဘဲ၊ အပြီးတိုင် လုံးဝငြိမ်းအေးတာကို ဆိုလိုတယ်တဲ့)
|
ဝီတတဏှော ပုရာဘေဒါ၊ ပုဗ္ဗမန္တဿိ တော။
ဝေမဇ္စျေ နုပသင်္ခေယျော၊ တဿ နတ္ထိ ပုရက္ခတံ။
မုနိ - နိမ္မိတရုပ်ပွားပေါ်တော်မူဘုရား၊ မုနိ- နိမ္မိတ ရုပ်ပွားဖြစ်သော အရှင်ရဟန်း၊ ယော- အကြင် ပုဂ္ဂိုလ်သည်၊ ပုရာဘေဒါ - ခန္ဓာအိမ် ပျက်ြွေက သေသည်မှ ရှေးဦးစွာ၊ ဝါ - မသေ ခင်ရှေးဘဝအဖို့၌၊ ဝီတတဏှော - ကင်းသော တဏှာ ရှိသည်၊ ဝါ - တဏှာကင်းသည်၊ ဟောတိ - ဖြစ်၏။ တံ - ထိုသို့သော ပုဂ္ဂိုလ်ကို၊ ဥပသန္တာတိ-ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ အဟံ-ငါသည် ဗြူမိ-ဟောကြားပေ၏။
မသေခင် ရှေးအဖို့က တဏှာကင်းရမယ်။ အဲဒီပုဂ္ဂိုလ်ကို ငြိမ်းအေးတဲ့ ဥပသန္တပုဂ္ဂိုလ် ခေါ်ပါတယ်တဲ့။ ဆိုလိုတာကတော့ တဏှာ ကင်းစင်တဲ့ တရားကို မသေခင်မှာပဲ ကိုယ်တိုင် တွေ့ရမယ်။ ကိုယ်တိုင် သိရမယ်တဲ့။ အာရုံတွေ ကို ကြိုက်တတ်ပြီး ဘဝအသစ်တွေကို ဖြစ်စေ တတ်တာ တဏှာပဲ။ တဏှာဆိုတဲ့ လိုချင် တပ်မက်တဲ့စိတ်တွေ ကင်းစင်ဖို့ဆိုတာ ခံစားနေ တဲ့စိတ်တွေ လုံးဝမရှိအောင် ပယ်သတ်နိုင်မှ ဖြစ်မယ်။ ဝေဒနာက တဏှာမကူးဘဲ ထပ်ဖြစ်မှု တွေ ရပ်အောင်လုပ်နိုင်မှ ငြိမ်းအေးမှာ။
|
ဝီတတဏှော ပုရာဘေဒါ၊ ပုဗ္ဗမန္တဿိ တော။
ဝေမဇ္စျေ နုပသင်္ခေယျော၊ တဿ နတ္ထိ ပုရက္ခတံ။
မုနိ - နိမ္မိတရုပ်ပွားပေါ်တော်မူဘုရား၊ မုနိ- နိမ္မိတ ရုပ်ပွားဖြစ်သော အရှင်ရဟန်း၊ ယော- အကြင် ပုဂ္ဂိုလ်သည်၊ ပုရာဘေဒါ - ခန္ဓာအိမ် ပျက်ြွေက သေသည်မှ ရှေးဦးစွာ၊ ဝါ - မသေ ခင်ရှေးဘဝအဖို့၌၊ ဝီတတဏှော - ကင်းသော တဏှာ ရှိသည်၊ ဝါ - တဏှာကင်းသည်၊ ဟောတိ - ဖြစ်၏။ တံ - ထိုသို့သော ပုဂ္ဂိုလ်ကို၊ ဥပသန္တာတိ-ငြိမ်းအေးသော ပုဂ္ဂိုလ်ဟူ၍၊ အဟံ-ငါသည် ဗြူမိ-ဟောကြားပေ၏။
မသေခင် ရှေးအဖို့က တဏှာကင်းရမယ်။ အဲဒီပုဂ္ဂိုလ်ကို ငြိမ်းအေးတဲ့ ဥပသန္တပုဂ္ဂိုလ် ခေါ်ပါတယ်တဲ့။ ဆိုလိုတာကတော့ တဏှာ ကင်းစင်တဲ့ တရားကို မသေခင်မှာပဲ ကိုယ်တိုင် တွေ့ရမယ်။ ကိုယ်တိုင် သိရမယ်တဲ့။ အာရုံတွေ ကို ကြိုက်တတ်ပြီး ဘဝအသစ်တွေကို ဖြစ်စေ တတ်တာ တဏှာပဲ။ တဏှာဆိုတဲ့ လိုချင် တပ်မက်တဲ့စိတ်တွေ ကင်းစင်ဖို့ဆိုတာ ခံစားနေ တဲ့စိတ်တွေ လုံးဝမရှိအောင် ပယ်သတ်နိုင်မှ ဖြစ်မယ်။ ဝေဒနာက တဏှာမကူးဘဲ ထပ်ဖြစ်မှု တွေ ရပ်အောင်လုပ်နိုင်မှ ငြိမ်းအေးမှာ။
|
|
အမေမသေခင် ငြိမ်းအေးသောပုဂ္ဂိုလ်အဖြစ် အမေ့ကို ဖြစ်စေချင်တာ။ ဦးပဉ္ဇင်းကိုယ်တိုင် အခုချိန်မှာ အမေ့ကို ကျေးဇူးဆပ်ချင်ခဲ့တဲ့ တရား စကားဟာ အမေကိုယ်တိုင် မသေခင်သိပြီး ပြောလိုက်တဲ့စကားနဲ့ အဓိပ္ပာယ်ချင်း နီးစပ် နေတယ်။ ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်လို့ ပြောနိုင်ခဲ့တဲ့ အမေ့စကားအတိုင်း မသေခင် တဏှာကင်းသူအဖြစ်နဲ့ အမေ့ဘဝလည်း ငြိမ်းအေးမှုတွေရပါစေ။
အမေ့သားက အခု ရဟန်းဘဝမှာ အမေ ပြောခဲ့တဲ့ စကားတစ်လုံးနဲ့ လူသားအားလုံးကို ကျေးဇူးဆပ် လှူဒါန်းမှုတွေ ပြုနေပါတယ်အမေ။ အဲဒီကုသိုလ်တွေ အမေ့ကို ပူဇော်ပါတယ်။ စိတ်ဆင်းရဲဒုက္ခဖြစ်နေရတာတွေဟာ ဆင်းရဲဒုက္ခ ဖြစ်ကြောင်းကို စဉ်းစားနေတဲ့ စိတ်ခံစားမှုတွေ ကြောင့်ပါပဲ။ အဲဒီဒုက္ခတွေက လွတ်မြောက်ဖို့ အတွက် ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့စကားက အထိရောက်ဆုံး ဖြေရှင်းနည်း ပါပဲ။ မိသားစုအတွင်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း၊ တွေ့တိုင်း ခံစားနေတဲ့ စိတ်ကို စွန့်လွှတ်လိုက် လို့ ပြောကြည့်ကြပါ။ စိတ်ချမ်းသာစရာအကြောင်းကို ပြောသည်ဖြစ်စေ၊ စိတ်ဆင်းရဲစရာအကြောင်းကို ပြောသည်ဖြစ်စေ၊ မိသားစု ပြဿနာတွေထဲက ဘယ်လိုခံစားမှု အကြောင်းကိုပဲပြောပြော ပြောလို့ပြီးတိုင်း ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် လို့ ပြောပြီး မိသားစု စကားဝိုင်းကို သိမ်းလိုက်တဲ့ အလေ့ အကျင့်လေး ဖြစ်စေချင်ပါတယ်။ ကိုယ့်ပတ်ဝန်း ကျင်၊ ကိုယ့်အသိုင်းအဝိုင်းတွေထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် တွေ့တိုင်း ပြောနေကျ စကားမျိုးဖြစ်သွားအောင် ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်လို့ ပြောတဲ့ အလေ့အကျင့်ကို ဖြစ်စေချင်ပါတယ်။
|
|
ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ စကားကို ဒီနေ့ခေတ်ရဲ့ သားသမီးတွေကိုလည်း အလှူပေးချင်ပါတယ်။ ကိုယ့်ရဲ့ကျေးဇူးရှင် အဖေတွေ၊ အမေတွေကို ပြောကြည့်ကြပါ။ ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက် ဆိုတဲ့ အသံကိုကြားတာနဲ့ ကိလေသာစိတ်ပေါင်းစုံရဲ့ နှိပ်စက်မှုကို ခံနေရတဲ့ဒုက္ခက လွတ်မှာသေချာပါတယ်။
စိတ်ဒုက္ခတွေထဲက လွတ်မြောက်စေချင်လို့ မိဘက သားသမီးကို တရားအသိÓဏ် အမွေ ပေးသလိုမျိုး၊ သားသမီးတွေကလည်း မိဘတွေ စိတ်ဒုက္ခမဖြစ်အောင် ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါလို့ ပြောပြီး မိဘတွေကို ကျေးဇူးဆပ်ကြပါ။ ဆရာနဲ့ တပည့်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ လင်နဲ့ မယား၊ ချစ်သူအချင်းချင်း၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်း၊ လူမျိုးမရွေး၊ ဘာသာမရွေး လူသားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြတဲ့အခါမှာ ခံစားနေတဲ့ စိတ်တွေကို သတိရှိတဲ့ ပညာသိနဲ့ စွန့်လွှတ် လိုက်ပါလို့ အပြန်အလှန်ပြောပြီး စိတ်သက်သာမှုတွေ ရယူနိုင်ကြပါစေ။
ခံစားနေတဲ့စိတ်တွေကို သတိရှိတဲ့ ပညာသိနဲ့ စွန့်လွှတ်လိုက်နိုင်မှ ဒုက္ခတွေထဲက လွတ်မှာ နော် ဆိုတဲ့ စကားဟာ ကျေးဇူးရှင် ဒကာ၊ ဒကာမတွေအားလုံးကို ဦးပဉ္ဇင်းရဲ့ ကျေးဇူးဆပ်မှု တစ်ခုလို့ လက်ခံပေးပါ။
|
| ဦးကိတ္တိသာရ |
|
|
|
|
|
|
|
|
|
|
|
|
|
|
|