ရှာကီရာတစ်ယောက် အရင်က ထုတ်ခဲ့ဖူးတဲ့ အင်္ဂလိပ်ဘာသာ နဲ့ သီဆိုခဲ့တဲ့ အယ်လ်ဘမ်တွေကတော့Loundry Service (2001), Oral Fixation(2005) တို့ပဲ ဖြစ်ပါတယ်။ အခု တတိယမြောက် အယ်လ်ဘမ်မထွက်ခင် (Single) များအနေနဲ့ ထွက်ရှိခဲ့တဲShe wolf/Loba, Did It again, Give It up to Meကိုလည်း ပြန်လည်ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
Hannah Montana စတား မီလေးဆိုက်ရက်စ်ရဲ့ အခွေသစ် ဖြစ်ပါတယ်။ မီလေးဆိုက်ရက်စ်ဟာ Hannah Montana အတွက် ပရောဂျက် ၃ ခုကို အပြီးဆောင်ရွက်ပေးပြီးနောက် i tunes အတွက်Live From London ကို လုပ်ခဲ့ပါတယ်။ ဒီအခွေကတော့ သူမရဲ့ Other Albums များထဲက ၃ ခွေမြောက်အဖြစ် ထွက်ရှိတဲ့ အခွေသစ် ပဲ ဖြစ်ပါတယ်။ သီဆိုခဲ့တ Single သီချင်းများကို ပြန်လည်စုစည်းပြီး ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ သီချင်းအသစ်တွေလည်း ဒီအခွေထဲမှာ ပါဝင်ပါတယ်။
၂၀ဝ၉၊ ဩဂုတ်လ ၂၈ ရက်နေ့မှာ အခုခွေထွက်ရှိခဲ့ပြီး Hollywood Records တစ်ခုဖြစ်တဲ့ Wal-Mart က တာဝန်ယူဖြန့်ချိပေး တာ ဖြစ်ပါတယ်။ ဒါ့အပြင်Wal-Mart ဖက်ရှင်လိုင်းကြော်ငြာတစ်ခု လည်း ထပ်ထွက်ပါလိမ့်ဦးမယ်။ The Time of Our Lives အယ်လ်ဘမ် သစ်ထဲမှာ မီလေးဟာ Producers,Writers အများအပြားနဲ့ လက်တွဲ ပါဝင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မီလေးဆိုက်ရက်စ်ရဲ့ အောင်မြင်ကျော်ကြားသောသီချင်း The Climb ကို ဖန်တီးပေးခဲ့ကြတဲ့ ဂီတပညာရှင် ၂ ဦး ဖြစ်သော Dr.Luke နဲ့ Hohn Shanksု တို့လည်း အခုခွေထဲမှာ Mainly Producer များအဖြစ် ဦးဆောင်ပါဝင်ထား တယ်ဆိုတော့ ဒီအခွေဟာ ပြောစရာမလိုအောင် ကောင်းမွန်တော့မှာ အမှန်ပါပဲ။
T.O.L အယ်လ်ဘမ်သစ်ထွက်ရှိပြီးတဲ့နောက် ၂ ပတ်အကြာမှာ ဒီအခွေဟာ Billboard 200Chart မှာ ဒုတိယနေရာကို ရရှိခဲ့တဲ့ အခွေ ဖြစ်ပါတယ်။T.O.L ထဲမှာ ပါဝင်တဲLead Single သီချင်းလေး ဖြစ်တဲ့ Party in the U.S.Aဟာ All.American Song တစ်ခုဖြစ်ပြီး ဒီ Single စထွက်ထွက်ချင်းမှာကိုFastest Selling Single ဖြစ်ခဲ့တယ်လို့ သိရပြီး Billboard Hot 100 သီချင်းစာရင်းနေရာမှာ အဆင့် ၂ ရခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၀ မှာ မီလေးဆိုက်ရက်စ်ပါဝင်သရုပ်ဆောင်ကာ ထွက်ရှိလာတော့ မယ့်The Las Song ဇာတ်ကားဇာတ်ဝင်တေးသီချင်းအဖြစ် အသုံးပြုထားတဲ့ When I look at you သီချင်းလေး ဟာလည်း ဒီအခွေထဲမှာ ပါဝင်ထားပါတယ်။
Before the Storm ဆိုတဲ့ သီချင်းလေးကတော့ အသည်းကွဲ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး မီလေးနဲ့ Johnas Brother’s က ကောင်လေး နစ်ခ်ဂျိုး နက်စ်တို့ အချစ်ရေးမှာ ကွဲပြဲပြီးနောက် မီလေး ကိုယ်တိုင် သီချင်းရေးရာမှာ ခံစားပါဝင် ထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ Party in the U.S.A,The Time of Our Lives,Talk Is Cheap ဆိုတဲ့ သီချင်းများကတောTempo မြင့်တဲ့ Song လို့ သိရပါတယ်။When I look at you, Obeseed,Before the Storm သီချင်းတွေကတေှာူ့သတ နဲ့ ခံစားမှုပါတဲ့သီချင်းတွေ ဖြစ်ပါတယ်။ ဒီအခွေထဲမှာ မီလေး သီဆိုနေကျ သီချင်းစတိုင်တွေဖြစ်တဲ့Pop rock,Dance Pop စတိုင် ဝင်ထားပြီး စုစုပေါင်း သီချင်း ၇ ပုဒ်၊ ကြာမြင့်ချိန် ၂၆.၂၀ မိနစ် ဖြစ်ပါတယ်။ ဒီအခွေ စဖွင့်ဖွင့်ချင်းမှာ နားဆင်ခံစားရမယ့်Kicking and screaming သီချင်းလေးကတော့ ခပ်မြန်မြန် Rock ဆန်ဆန် ဖြစ်ပါတယ်ခင်ဗျား။